Tuesday, December 18, 2012

ကလုံထာကျေးရွာ ပြောင်းရွှေ့ပေးရမှာလား

ထားဝယ်ရေနက်ဆိပ်ကမ်း စက်မူဇုံဒေသတွက် လိုအပ်မည့် ရေအရင်းမြစ်နှင့် လျပ်စစ်ဓါတ်အား အတွက်ဆိုရင် တလိုင်းယာချောင်ပေါ်မှာ ရေကာတာကြီးတစ်ခု တည်ဆောက်ရမှာပါ။ အဲဒီရေကာတာကြီး တည်ဆောက်ရဖို့အတွက် "ကလုံထာကျေးရွာ" ဟုခေါ်သော ကျေးရွာကြီးက ပြောင်းရွှေ့ရမည့် အကြောင်း ပေါ်လာပါသည်။ အမြင့်ပေ (၃၀၀) ရှိတဲ့ ဒီရေကာတာကို တည်ဆောက်မယ်ဆိုရင် ကလုံးထာကျေးရွာသည် ရေနစ်မြုပ်နိုင်တဲ့ ဧရိယာနယ်နိမိတ်အတွင်းမှာ ပါဝင်နေတဲ့အတွက် စီမံကိန်းကို ဖော်ဆောင်နေသည့် အီတာလျံ-ထိုင်း ကုမ္ပဏီမှ တာဝန်ရှိသူတွေက ကျေးရွာမှလူများကို
 ပြောင်းရွှေ့စေချင်နေတာ ဖြစ်ပါသည်။တစ်ခုတည်းသောရွာက  ရွှေ့ပြောင်းပေးရမှာပါ။ ထို့သို့သောရွာကို ရွှေ့ပြောင်းစေဖို့အတွက်က ကျေးရွာသားများက သဘောမတူကြပါဘူး။
ထို့အတွက်ကြောင့် Dawei Development Association (DDA) က တင်ပြပေးသည်မှာ ....

ကလုံးထာကျေးရွာသို့ ၁၀၊၁၁၊၂၀၁၂ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး
လွတ်တော်အမတ် ဦးရွေသန်း၊ကြံခိုင်ရေးပါတီ အတွင်ရေးမှုး ဦးအောင်မျိုး၊ ITD
ကုမ္မဏီ နှင့် အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့သည်။
ကလုံးထာရေကာတာ တည်ဆောက်ရေးအတွက် ဖိအားပေးပြောင်းရွှေ့ရန်ရည်ရွယ်ချက်ဖြင့်
လာရောက်ကြောင်းသိရပါသည်။ ကလုံးထာကျေးရွာမှာ ရွာသားဆိုသူ (၅၆) ဦးမှ
စီမံကိန်းကို သဘောတူကြောင်း သမ္မတထံ တင်ပြထားသဖြင့်
လာရောက်ဆွေးနွေးကြောင်းသိရပါသည်။
ကလုံးထာ ဆရာတော် ဦးပညာဒီပနှင့် ကျေးရွာသူ/သားများမှ ၄င်းတို့အနေဖြင့်
သမ္မတနှင့်တကွ ပြည်သူ့လွတ်တော်၊ အမျိုးသားလွတ်တော် အပါအ၀င် သက်ဆိုင်ရာ
ဝန်ကြီးဌာနများအား စာဖြင့်လည်းကောင်း၊ လူကိုယ်တိုင်အားဖြင့် လည်းကောင်း
ကျေးရွာမရွေ့ပြောင်းရေးတွက် အကြိမ်ကြိမ်တင်ပြခဲ့ပြီးဖြစ်ကြောင်း ၊
ယခုနောက်ဆုံး ရွာသူ/သား (၃၇၆)ဦး မှလက်မှတ်ထိုး၍ တောင်းဆိုထားကြောင်းကို
ပြန်လည်ပြောကြားခဲ့သည်။
သို့သော် ကလုံးထာရွာ မရွှေ့ပြောင်းပါက စီမံကိန်းအတွက် အခက်အခဲ
ဖြစ်ပေါ်လာမည်ဖြစ်၍ မဖြစ်မနေရွှေ့ပြောင်းရန်ပြောလာသည့်အတွက်
ရွာသူရွာသားများမှ "ရေကာတာအလိုမရှိ (NO DAM)" "ကျေးရွာမပြောင်းမရွှေ့ (NO
RELOCATION)" စသည့် စာတမ်းများကိုင်ဆောင်၍
အာလုံးမှမတ်တပ်ရပ်ဆန္ဒထုန်ဖော်သည့်အတွက်၊ လွတ်တော်အမတ်မှ
ထိုသို့မပြုလုပ်ရန်နှင့် မီဒီယာများသို့ အကြောင်းမကြားရန် ပြောဆို၍
ပြန်သွားကြောင်းသိရသည်။
ရေကာတာမတည်ဆောက်ရန်နှင့် ကျေးရွာမပြာင်းရွှေ့ရန် လက်မှတ်ထိုးသော (၃၇၆)
ဦးသော ရွာသားများအားလည်း
အသိပညာအားနည်းသူများသာဖြစ်ကြောင်းပြောဆိုသိရသည်။

DDA မှ