Monday, September 24, 2012

ထားဝယ်စီမံကိန်း ပြန်လည်သုံးသပ်ရန် ထိုင်း NGO အဖွဲ့သုံးဆယ် တောင်းဆို

Posted by in ပြည်တွင်းသတင်း

ဘန်ကောက်၊ စက်တင်ဘာ ၁၈
အစိုးရ ချင်း ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်နေသော ထားဝယ် စီမံကိန်းကို ပြန်လည် သုံးသပ်ရန် ထိုင်းနိုင်ငံ အခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့ အစည်းသုံးဆယ်က ဘန်ကောက် မြို့တွင် အစည်း အဝေး တစ်ရပ်ပြုလုပ်ကာ ထိုင်း အစိုးရ ကို တောင်းဆို လိုက်သည်။ ဒေသခံ များ အပါ အဝင် စီမံကိန်း တွင် ပါဝင် ပတ်သက် သောသူများ အားလုံး ပါဝင် သည့် နည်းလမ်း ကို အသုံးပြု၍ ဖြစ်နိုင်ဖွယ် လေ့လာမှု အားလုံး ပြန်လည် လုပ်ဆောင် ရန်၊ စီမံကိန်း ဆိုင်ရာ အချက် အလက် အားလုံး ထုတ်ဖော်ပြော ဆိုရန်၊ မြန်မာနိုင်ငံ ရှိ ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ သည် ထားဝယ် ကဲ့သို့သော ကြီးမားသည့် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် လူမှုရေးနှင့် ပတ်ဝန်းကျင် ဆိုင်ရာ များကို ကိုင်တွယ်ရန် ပြည့်စုံ ကုံလုံမှု မရှိသေးဘဲ စီမံကိန်းကို လျင်မြန်စွာ အကောင်အထည်ဖော် မည်ဆိုပါက ထိုင်း အစိုးရ သည် မြန်မာနိုင်ငံ အတွင်း ရှိ ဒေသခံ များနှင့် နိုင်ငံ တကာ အသိုက် အဝန်း၏ မေးခွန်း ထုတ်ခံ ရမည်ဖြစ် ကြောင်း ယင်းအဖွဲ့ အစည်းများ၏ တောင်းဆို စာတွင် ဖော်ပြထားသည်။
၎င်းတို့၏ သတင်းစာ ရှင်းလင်းပွဲကို ဘန်ကောက်မြို့ရှိStudent Christian Centre တွင် ယခုလ ၁၈ ရက်က ကျင်းပခဲ့ပြီး Foundation for Ecological Recovery (FER) ၏ ဥက္ကဋ္ဌ Mr.Veerawat Dheerapra- sart, Ecological Alert and Recovery, Thailand (EARTH) ၏ ဒါရိုက်တာ Ms. Penchom Tang, Social Thinker and Public Intellectual မှ Mr.Sulak Sivara- ksa တို့က ဦးဆောင် ဆွေးနွေး ခဲ့သည်။
”ထားဝယ် စီမံကိန်းလို စက်မှုဇုန် တည်ဆောက်ခြင်းဟာ ဒေသခံတွေ အတွက် အကျိုးဖြစ်ထွန်းမယ့်အစား အပျက်သဘောကို ဆောင်နေတယ်။ ထိုင်း အစိုးရအနေနဲ့ ထားဝယ် စီမံကိန်းကို ဆန့်ကျင်တဲ့ ထိုင်းနဲ့ ထားဝယ် ဒေသခံတွေရဲ့အသံကို နား ထောင်ပြီး ထားဝယ်ဒေသမှာ မတ် တပွတ် ပုံစံတူစက်မှုဇုန် အကောင် အထည်ဖော်မှာကို ပြန်လည် စဉ်းစား စေချင်ပါတယ်” ဟု Ms. Penchom Tang က ပြောသည်။
ထိုင်းနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ဖွံ့ဖြိုးရေး စီမံချက်အရ အကောင်အထည် ဖော်ခဲ့သော မတ်တပွတ် စက်မှုဇုန်ကြောင့် ဒေသခံများ အတွက် ကျန်းမာရေးနှင့် ပတ် ဝန်းကျင် ဆိုင်ရာ ဆိုးကျိုး များကို အဓိက ခံစားခဲ့ရသည်။ ထားဝယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းတွင် အဓိက တည်ဆောက်ခွင့် ရရှိထား သော အီတာလျံ-ထိုင်း ကုမ္ပဏီ အနေနှင့် ဘဏ္ဍာငွေရှာဖွေရန် အကျပ်အတည်းကြုံရပြီးနောက် ထိုင်းနှင့်မြန်မာ အစိုးရ ချင်း ပူးပေါင်း ဆောင်ရွက်ရန် မြန်မာသမ္မတ ဦးသိန်းစိန်၏ ထိုင်း ခရီးစဉ် အတွင်း နားလည်မှု စာချွန်လွှာ လက်မှတ် ထိုးခဲ့သည်။
၎င်း စီမံကိန်းနှင့် ပတ်သက်သည့် စီမံချက် စာတမ်းကို မြန်မာသို့ ထိုင်း အစိုးရ ကပေးပို့ ထားပြီး ရင်းနှီး မြှုပ်နှံမှု ပုံစံ အသစ်ဖြင့် စီမံကိန်း ကို ငွေကြေးထောက် ပံ့ရန် စီစဉ်နေသည်။ ထားဝယ် စီမံကိန်း တည်ထောင် ဆောက်လုပ် ခွင့် ရထားသူ အီတာလျံ-ထိုင်း ကုမ္ပဏီ က သူ၏ ရှယ်ယာ ပါဝင်မှု ကို ၂၅ ရာခိုင်နှုန်း သို့ လျှော့ချ လိုက် ပြီဖြစ်ကြောင်း ပြီး ခဲ့သည့် ရက်သတ္တပတ် ကလည်း ကောင်း၊ Max Myanmar ကုမ္ပဏီ က စီမံကိန်း တွင် ပါဝင်သော ရှယ်ယာ များကို တဖြည်းဖြည်း နုတ် ထွက် သွား မည်ဖြစ်ကြောင်း ပြီးခဲ့သည့် နှစ်လက လည်းကောင်း အသီးသီး ပြောဆိုခဲ့ ပြီးဖြစ်သည်။
Dawei Watch 

Links: http://popularmyanmar.com/mpaper/2012/09/%E1%80%91%E1%80%AC%E1%80%B8%E1%80%9D%E1%80%9A%E1%80%B9%E1%80%85%E1%80%AE%E1%80%99%E1%80%B6%E1%80%80%E1%80%AD%E1%80%94%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%80%9C%E1%80%8A%E1%80%B9/

No comments:

Post a Comment